YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 6:5-8

ဟေရှာယ 6:5-8 JBMLE

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​သ​ရပ်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ပေါ်​က မီး​ညှပ်​ဖြင့်​ယူ​သော မီး​ခဲ​တစ်​ခဲ​ကို လက်​နှင့်​ကိုင်​လျက်၊ ငါ​ရှိ​ရာ​သို့​ပျံ​လာ၍၊ ငါ့​နှုတ်​ကို​တို့​ပြီး​လျှင်၊ ဤ​မီး​ခဲ​သည် သင်၏​နှုတ်​ခမ်း​ကို​တွေ့​ပြီ။ သင်၏​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ဆို၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​အ​ဘယ်​သူ​ကို စေ​လွှတ်​ရ​မည်​နည်း။ ငါ​တို့​အ​ဖို့ အ​ဘယ်​သူ​သွား​မည်​နည်း​ဟု​မေး​တော်​မူ​သံ​ကို ငါ​ကြား​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။