YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58:5-7

ဟေရှာယ 58:5-7 JBMLE

ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။ ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။ မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။