YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58:1-9

ဟေရှာယ 58:1-9 JBMLE

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။ သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။ သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။ ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။ ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။ မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။ သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊