YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 56:3-7

ဟေရှာယ 56:3-7 JBMLE

ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မိ​မိ​လူ​မျိုး​နှင့် ရှင်း​ရှင်း​ခွဲ​ထား​တော်​မူ​ပြီ​ဟု မ​ဆို​စေ​နှင့်။ မိန်း​မ​လျှာ​က​လည်း၊ ငါ​သည် သွေ့​ခြောက်​သော​အ​ပင်​ဖြစ်​သည်​ဟု မ​ဆို​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ဥ​ပုသ်​နေ့​ကို​စောင့်​လျက်၊ ငါ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို မှီ​ဝဲ​သော မိန်း​မ​လျှာ​တို့​အား၊ သား​သ​မီး​တို့ ထက်​မြတ်​သော​အ​ရာ၊ မြတ်​သော​နာ​မ​ကို ငါ့​အိမ်၊ ငါ့​တံ​တိုင်း​အ​တွင်း၌ ငါ​ပေး​မည်။ မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​နာ​မ​ကို သူ​တို့​အား ငါ​ပေး​မည်။ ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။