YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 56:1-8

ဟေရှာယ 56:1-8 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တ​ရား​ကို​စောင့်၍ ဖြောင့်​မတ်​စွာ ကျင့်​ကြ​လော့။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး ရောက်​ချိန်​နှင့်၊ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား ထင်​ရှား​ချိန်​ရောက်​လု​နီး​ပြီ။ ထို​သို့​ပြု​သော​သူ၊ အ​မြဲ​စွဲ​လမ်း​သော လူ​သား​သည်၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍ ဒု​စ​ရိုက်​ကို​မ​ပြု​မည်​အ​ကြောင်း၊ မိ​မိ​လက်​ကို ချုပ်​တည်း​လျှင်​လည်း မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မိ​မိ​လူ​မျိုး​နှင့် ရှင်း​ရှင်း​ခွဲ​ထား​တော်​မူ​ပြီ​ဟု မ​ဆို​စေ​နှင့်။ မိန်း​မ​လျှာ​က​လည်း၊ ငါ​သည် သွေ့​ခြောက်​သော​အ​ပင်​ဖြစ်​သည်​ဟု မ​ဆို​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ဥ​ပုသ်​နေ့​ကို​စောင့်​လျက်၊ ငါ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို မှီ​ဝဲ​သော မိန်း​မ​လျှာ​တို့​အား၊ သား​သ​မီး​တို့ ထက်​မြတ်​သော​အ​ရာ၊ မြတ်​သော​နာ​မ​ကို ငါ့​အိမ်၊ ငါ့​တံ​တိုင်း​အ​တွင်း၌ ငါ​ပေး​မည်။ မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​နာ​မ​ကို သူ​တို့​အား ငါ​ပေး​မည်။ ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။ အ​ရပ်​ရပ်၌ ကွဲ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စု​ဝေး​ပြီး​သော သူ​များ​မှ​တစ်​ပါး အ​ခြား​သော​သူ​တို့​ကို ထို​အ​စု​အ​ဝေး၌ ငါ​စု​ဝေး​စေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။