YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 49:6-7

ဟေရှာယ 49:6-7 JBMLE

သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ၍၊ ထို​အ​မျိုး၏ သန့်​ရှင်း​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘယ်​သူ​မျှ မ​နှစ်​သက်၊ တစ်​ပြည်​လုံး ရွံ​ရှာ​ဖွယ်​ဖြစ်၍၊ မင်း​ထံ၌ ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ သင့်​ကို ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့်၊ ရှင်​ဘု​ရင်​တို့​သည် မြင်၍ ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။