ပင်လယ်ကို ကူးသောသူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တစ်ကျွန်းတစ်နိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသောသူများတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ တောနှင့်တကွ တော၌ရှိသောမြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ်က ကြွေးကြော်ကြစေ။ ထာဝရဘုရားကို ချီးမြှောက်၍၊ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။ ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တစ်ဖက်၌ အားထုတ်တော်မူလိမ့်မည်။
ဟေရှာယ 42 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 42:10-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ