YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 41:10-14

ဟေရှာယ 41:10-14 JBMLE

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။ သင်၌ အ​မျက်​ထွက်​သော သူ​တို့​သည် ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်၌ ရန်​ပြု​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်၍၊ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သင်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို သင်​သည် ရှာ၍​မ​တွေ့​ရ။ သင့်​ကို စစ်​တိုက်​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​သက်​သက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ မ​စိုး​ရိမ်​နှင့်။ ငါ​မ​စ​မည်​ဟု သင့်​အား​ဆို​လျက်၊ သင်၏​လက်​ယာ​လက်​ကို ကိုင်​မည်။ အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။