YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 38:1-8

ဟေရှာယ 38:1-8 JBMLE

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။ ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော စိတ်​နှ​လုံး​နှင့်​ကျင့်၍၊ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊ သင်​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏ ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏ မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍ ပေး​မည်။ သင်​နှင့် ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ဤ​မြို့​ကို ငါ​ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။ ဟေ​ရှာ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​တော်​မူ​သော လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ ကြည့်​ရှု​လော့။ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ရွေ့​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​မည်​ဟု ဆို၏။ ဆို​သည်​အ​တိုင်း ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​သည် ဆယ်​ချက်​ပြန်​လေ၏။

​ဟေရှာယ 38:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။