YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 34:1-8

ဟေရှာယ 34:1-8 JBMLE

အို လူ​မျိုး​တို့၊ သင်​တို့​သည် ကြား​ရ​အံ့​သော​ငှာ ချဉ်း​ကပ်​ကြ​လော့။ အို လူ​စု​တို့၊ နား​ထောင်​ကြ​လော့။ မြေ​ကြီး​နှင့် မြေ​ကြီး၌ ပါ​သ​မျှ​သော​အ​ရာ၊ လော​က​ဓာတ်​နှင့် လော​က​ဓာတ် တန်​ဆာ​ခပ်​သိမ်း​တို့​သည် ကြား​ကြ​ပါ​စေ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့၌ ထွက်၍၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သူ​တို့​အ​လုံး​အ​ရင်း​အ​ပေါ်​မှာ သင့်​ရောက်​လေ၏။ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး၍၊ အ​သေ​သတ်​ခြင်း၌ အပ်​လိုက်​တော်​မူ၏။ သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ပြုတ်၍၊ မိုး​ကောင်း​ကင်​သည် စာ​လိပ်​ကဲ့​သို့ လိပ်​လျက်​ရှိ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​မှ အ​ရွက်​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်​မှ အ​သီး​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ကျ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ဓား​သည် မိုး​ကောင်း​ကင်၌ ရောင့်​ရဲ​ပြီး​မှ၊ တစ်​ဖန် ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​ကျိန်​သော​လူ​များ​တို့ အ​ပေါ်​မှာ​လည်း​ကောင်း၊ ဒဏ်​ပေး​ခြင်း​ငှာ ရောက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် အ​သွေး​နှင့်​ဝ​ပြီ။ ဆီ​ဥ​နှင့် ဆူ​ပြီ။ သိုး​သ​ငယ်​နှင့် ဆိတ်​တို့၏ အ​သွေး၊ သိုး​ထီး​တို့၏ ကျောက်​ကပ် ဆီ​ဥ​နှင့် ဆူ​ဝ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ​ရ​မြို့၌ ယဇ်​ပွဲ​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်၌ ကြီး​စွာ​သော သတ်​ခြင်း​ပွဲ​ကို​လည်း​ကောင်း ခံ​တော်​မူ၏။ ကြံ့​များ​နှင့် နွား​လား​ဥ​သ​ဘ​များ​တို့​သည် လဲ​ကြ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​မြေ​သည် သူ​တို့​အ​သွေး​နှင့် ယစ်​မူး၍၊ မြေ​မှုန့်​သည်​လည်း ဆီ​ဥ​နှင့် ဆူ​ဝ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​တော်​မူ​ရာ​နေ့၊ ဇိ​အုန်​မြို့၏ အ​မှု​ကို​စောင့်၍ အ​ပြစ်​ပေး​တော်​မူ​ရာ​နှစ် ရောက်​လေ​ပြီ။