YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 33:18-21

ဟေရှာယ 33:18-21 JBMLE

သင်​သည် ကြောက်​လန့်​ဖွယ်​သော အ​ခြင်း​အ​ရာ​ကို အောက်​မေ့​သော​အ​ခါ၊ စာ​ရင်း​ယူ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ အ​ခွန်​ခံ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ပြ​အိုး​တို့​ကို ရေ​တွက်​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ကြမ်း​တမ်း​သော​လူ​မျိုး၊ နား​မ​ဝင်​နိုင်​အောင် နက်​နဲ​သော​စ​ကား၊ နား​မ​လည်​နိုင်​အောင် ခက်​ခဲ​သော​စ​ကား​ကို ပြော​သော လူ​မျိုး​ကို သင်​သည် မ​တွေ့​မ​မြင်​ရ။ ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။ ထို​မြို့​တွင် ဘုန်း​ကြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ကျယ်​သော​မြစ်​များ ဆုံး​ရာ​အ​ရပ် ဖြစ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရပ်၌ တက်​သော​ရဲ​လှေ၊ အား​ကြီး​သော သင်္ဘော​တစ်​စင်း​မျှ မ​လျှောက်​မ​သွား​ရ။