YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:10-16

ဟေရှာယ 11:10-16 JBMLE

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​အ​ဖို့ အ​လံ​ကို​ထူ​တော်​မူ​သ​ဖြင့်၊ နှင်​ထုတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်၊ အ​ရပ်​ရပ်​ကွဲ​ပြား​သော ယု​ဒ​အ​မျိုး​သား​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ​ခေါ်၍ စု​ဝေး​စေ​တော်​မူ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။ သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။