YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 10:1-4

ဟေရှာယ 10:1-4 JBMLE

ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။ ငါ့​ကျေး​ဇူး​ကို မ​ခံ​ရ​သော​သူ​တို့​သည်၊ ချုပ်​ထား​လျက်​ရှိ​သော သူ​တို့​အောက်​မှာ ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အောက်​မှာ လဲ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။