YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 1:21-31

ဟေရှာယ 1:21-31 JBMLE

သ​စ္စာ​ရှိ​သော​မြို့​သည် အ​ဘယ်​သို့ မျောက်​မ​ထား​ပြန်​သ​နည်း။ အ​ထက်​က ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့်​ပြည့်​၏။ တ​ရား​သည် သူ​၏​အ​ထဲ​မှာ နေ​ရာ​ကျ​၏။ ယ​ခု​မူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​၏။ သင်​၏​ငွေ​သည်​လည်း ချော်​ဖြစ်​လေ​ပြီ။ သင်​၏​စ​ပျစ်​ရည်​သည် ရေ​နှင့် ရော​လျက်​ရှိ​၏။ သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။ သင့်​ကို​လည်း ငါ​ကိုင်​ယူ​ပြီး​လျှင်၊ ချော်​နှင့် ရှင်း​ရှင်း​ကင်း​စင်​စေ​၍ သင်​၏​ကြေး​ဖြူ​ရှိ​သ​မျှ​ကို​လည်း ပယ်​ရှား​မည်။ သင်​၏​တ​ရား​သူ​ကြီး​တို့​နှင့် တိုင်​ပင်​မှူး​မတ်​တို့​ကို ရှေ့​ဦး​စွာ​ခန့်​ထား​သည်​နည်း​တူ၊ တ​စ်​ဖန်​ငါ​ခန့်​ထား​ဦး​မည်။ ထို​နောက်​မှ၊ သင်​၏​နာ​မ​ကို တ​ရား​သော​မြို့၊ သ​စ္စာ​စောင့်​သော​မြို့​ဟု သ​မုတ်​ကြ​လိမ့်​မည်။ ဇိ​အုန်​မြို့​သည် တ​ရား​အား​ဖြင့်​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​တို့​သည် ဖြောင့်​မတ်​သော​အား​ဖြင့်​လည်း​ကောင်း၊ ရွေး​နုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ လွန်​ကျူး​သော​သူ​နှင့် ပြစ်​မှား​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​အ​တူ​ရောက်​၍၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရွက်​နွမ်း​သော​သ​ပိတ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ရှိ​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။