YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 14:1-7

ဟောရှေ 14:1-7 JBMLE

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။ ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။ အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။ ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။ ငါ​သည် နှင်း​ကဲ့​သို့ ဣ​သ​ရေ​လ​အ​ပေါ်​မှာ နေ​မည်။ သူ​သည် နှင်း​ပွင့်​ကဲ့​သို့ ပွင့်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ အ​မြစ်​စွဲ​လိမ့်​မည်။ အ​ညွန့်​တို့​သည် ပြန့်​ပွား၍၊ သံ​လွင်​ပင်​ကဲ့​သို့ အ​သ​ရေ တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ မွှေး​ကြိုင်​လိမ့်​မည်။ ထို​အ​ပင်၏ အ​ရိပ်​အောက်၌​နေ​သော​သူ​တို့​သည် အ​သစ်​ပြု​ပြင်​ခြင်း​ရှိ၍ စ​ပါး​ကို ပြု​စု​ကြ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ တိုး​ပွား၍ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့ ကျော်​စော​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။