YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 8:1-6

ဟေဗြဲ 8:1-6 JBMLE

ယ​ခု​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့၏ အ​ချုပ်​အ​ခြာ​ဟူ​မူ​ကား၊ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့၌​ရှိ၏။ ကောင်း​ကင်​ဘုံ၌ တန်​ခိုး​အာ​နု​ဘော်​တော်၏ ပ​လ္လင်​လက်​ယာ​ဘက်​မှာ ထိုင်​နေ​တော်​မူ၏။- လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​ကို​ပူ​ဇော်​စေ​ခြင်း​ငှာ ခန့်​ထား​လျက်​ရှိ​သည်​ဖြစ်၍၊ ငါ​တို့ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လည်း ပူ​ဇော်​စ​ရာ​ယဇ်​တစ်​စုံ​တစ်​ခု ရှိ​ရ၏။- ပ​ညတ်​တ​ရား​အ​တိုင်း ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​များ ရှိ​ကြ​သည်​ဖြစ်၍၊ ထို​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​လျှင် ယဇ်​ပု​ရော​ဟိတ်​မ​လုပ်​ရ။- မော​ရှေ​သည် တဲ​တော်​ကို ဆောက်​လုပ်​အံ့​သော​အ​ခါ၊ တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ အ​လုံး​စုံ​တို့​ကို​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်​ဟု ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သည်​ဖြစ်၍၊ ထို​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကောင်း​ကင်​အ​ရာ​တို့၏ ပုံ​ပ​မာ​အ​ရိပ်​နှင့်​သာ​ဆိုင်​လျက် ဝတ်​ကို​ပြု​နေ​ကြ၏။ ထို​မှ​တစ်​ပါး၊ ယေ​ရှု​သည် သာ၍​မြတ်​သော က​တိ​တော်​တို့၌​တည်​သော၊ သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်​သည်​နှင့်​အ​ညီ၊ သာ၍​မြတ်​သော ဝတ်​ပြု​ခြင်း​အ​ခွင့်​အ​ရာ​ကို ရ​တော်​မူ၏။