YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7

7
ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်
1မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊- 2အာ​ဗြ​ဟံ​လှူ​သော လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆယ်​ဖို့​တစ်​ဖို့​ခံ​ယူ​သော ထို​ရှာ​လင်​မင်း​ကြီး​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ် မေ​လ​ခိ​ဇေ​ဒက်​သည်၊ နာ​မ​ရင်း​အ​နက်​အား​ဖြင့် တ​ရား​မင်း၊ ထို​မှ​တစ်​ပါး၊ ငြိမ်​သက်​ခြင်း​မင်း​ဟု​ဆို​လို​သော ရှာ​လင်​မင်း ဖြစ်​လျက်၊- 3အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။- 4အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။- 5ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- 6သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။- 7ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။- 8ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။- 9ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။- 10အ​ကြောင်း​မူ​ကား၊ မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​တွေ့​သော​အ​ခါ၊ လေ​ဝိ​သည် မိ​မိ​အ​ဘ၏​ကိုယ်၌ ရှိ​သ​တည်း။
11တစ်​နည်း​ကား၊ လေ​ဝိ​မှ​ဆင်း​သက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​နှင့် စပ်​ဆိုင်​လျက်​လူ​များ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို ခံ​ကြ​သော​ကြောင့်၊ ထို​အ​မျိုး​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​နိုင်​သည်​မှန်​လျှင်၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ အာ​ရုန်​နည်း​တူ မ​ခေါ်​ဝေါ်​ဘဲ၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ပေါ်​ထွန်း​စ​ရာ​အ​ကြောင်း အ​ဘယ်​သို့​ရှိ​သေး​သ​နည်း။- 12ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သည် ပြောင်း​လဲ​လျှင်၊ ပ​ညတ်​တ​ရား​သည် မ​ပြောင်း​လဲ​ဘဲ မ​နေ​နိုင်​ရာ။- 13ထို​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​သည်၊ ယဇ်​ပ​လ္လင်​ဝတ်​ကို တစ်​ယောက်​မျှ​မ​ပြု​ရ​သော​အ​မျိုး​နှင့် စပ်​ဆိုင်​ပေ၏။- 14အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။
မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ
15ထို​မှ​တစ်​ပါး၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည် ပေါ်​ထွန်း​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး ပြောင်း​လဲ​ပြီ​ဟု သာ၍​ထင်​ရှား၏။- 16ထို​ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ခ​န္ဓာ​နှင့် စပ်​ဆိုင်​သော တ​ရား​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သည် မ​ဟုတ်။ ထာ​ဝ​ရ​အ​သက်၏ တန်​ခိုး​အာ​နု​ဘော်​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သ​တည်း။- 17အ​ကြောင်း​မူ​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ၊ ထာ​ဝ​ရ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​သ​တည်း။#ဆာ၊ ၁၁၀း၄။
18ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊- 19ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။- 20ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။- 21ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊-#ဆာ၊ ၁၁၀း၄။ 22သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။- 23ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။- 24ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။- 25ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။
26ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။- 27အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။- 28ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။