YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 4:6-9

ဟေဗြဲ 4:6-9 JBMLE

ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။ တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။- ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။