YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 3:15-19

ဟေဗြဲ 3:15-19 JBMLE

ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊ ဆန့်​ကျင်​ဘက်​ပြု​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ကျမ်း​စာ​လာ​သည်​အ​ရာ​မှာ၊- ကြား​ပြီး​မှ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ မော​ရှေ​နောက်​သို့​လိုက်၍ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပြု​ကြ​သည် မ​ဟုတ်​လော။- အ​နှစ်​လေး​ဆယ်​ပတ်​လုံး နှစ်​သက်​တော်​မ​မူ​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ကို ပြု​သော​ကြောင့် တော၌​လဲ၍ သေ​သော​သူ​ပင် မ​ဟုတ်​လော။- သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။- သို့​ဖြစ်၍၊ သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့်​သာ မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။