YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:12-15

ဟေဗြဲ 12:12-15 JBMLE

ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။- ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ဆစ်​မ​ပြုတ်​သည် သာ​မ​က၊ ချမ်း​သာ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့​သွား​ဖို့​ရာ ဖြောင့်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​လော့။- လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။- သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊