YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:13-16

ဟေဗြဲ 11:13-16 JBMLE

ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။- ထို​သို့ ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​အ​ဘ​ပြည်​ကို ရှာ​ကြ​သည်​ဟု အ​တည့်​အ​လင်း​ပြော​ဆို​ကြ၏။- ထို​သူ​တို့​သည် အ​ထက်​က​ထွက်​သွား​သော ပြည်​ကို အောက်​မေ့​သည်​မှန်​လျှင်၊ ထို​ပြည်​သို့ ပြန်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။