ပရောဖက်ဟဗက္ကုတ်၏ ပတ္ထနာစကားတည်းဟူသော ရှိဂျောနုတ်သီချင်း၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အို ထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။ ဘုရားသခင်သည် တေမန်မြို့မှလည်းကောင်း၊ သန့်ရှင်းသောဘုရားသည် ပါရန်တောင်မှလည်းကောင်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုးကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက်ရှိ၏။ အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်းအာနုဘော်တော်ကို ကွယ်ကာလေ၏။ ရှေ့တော်၌ ကာလနာဘေးသည်သွား၍၊ ပူလောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
ဟဗက္ကုတ် 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟဗက္ကုတ် 3:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ