YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဗက္ကုတ် 3:1-19

ဟဗက္ကုတ် 3:1-19 JBMLE

ပ​ရော​ဖက်​ဟ​ဗ​က္ကုတ်၏ ပ​တ္ထ​နာ​စ​ကား​တည်း​ဟူ​သော ရှိ​ဂျော​နုတ်​သီ​ချင်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် တေ​မန်​မြို့​မှ​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဘု​ရား​သည် ပါ​ရန်​တောင်​မှ​လည်း​ကောင်း ကြွ​တော်​မူ၏။ ဘုန်း​တော်​သည် မိုး​ကောင်း​ကင်​ကို ဖုံး​အုပ်​လျက်၊ မြေ​ကြီး​သည် ဂုဏ်​အ​သ​ရေ​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ၏။ အ​ဆင်း​အ​ရောင်​တော်​သည် နေ​ရောင်​ကဲ့​သို့ ဖြစ်၏။ လက်​တော်​မှ ရောင်​ခြည်​သည် ထွက်၍၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကွယ်​ကာ​လေ၏။ ရှေ့​တော်၌ ကာ​လ​နာ​ဘေး​သည်​သွား၍၊ ပူ​လောင်​ခြင်း​ဘေး​သည် ခြေ​တော်​ကို ခြံ​ရံ​လျက်​ရှိ၏။ ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။ ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။ ကိုယ်​တော်​သည် အ​မျိုး​အ​နွယ်​တော်​တို့၌ ထား​တော်​မူ​သော သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း၊ လေး​လက်​နက်​တော်​ကို ထုတ်​ပြ​တော်​မူ၏။ မြေ​ကြီး၌ မြစ်​တို့​ကို ပေါက်​စေ​တော်​မူ၏။ တောင်​တို့​သည် ကိုယ်​တော်​ကို မြင်၍ တုန်​လှုပ်​ကြ​ပါ၏။ လျှံ​သော​ရေ​သည် လွှမ်း​မိုး​ပါ၏။ ပင်​လယ်​သည် အော်​ဟစ်၍ လက်​ကို ချီ​ပါ၏။ နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။ အ​မျက်​တော်​ထွက်​လျက် တစ်​ပြည်​လုံး ချီ​သွား၍၊ ဒေါ​သ​စိတ်​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို နင်း​နယ်​တော်​မူ၏။ ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။ ဗိုလ်​မင်း​တို့၏ ဦး​ခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်​ချင်း​ခပ် ထိုး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို လွင့်​စေ​ခြင်း​ငှာ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့ တိုက်​ကြ​ပါ၏။ ဆင်း​ရဲ​သား​တို့​ကို အ​မှတ်​တ​မဲ့ ကိုက်​စား​မည့်​အ​ကြံ​ရှိ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​သည် မြင်း​တော်​များ​ကို စီး၍၊ ရေ​ဟုန်း​ဟုန်း​မြည်​သော ပင်​လယ်​အ​လယ်​သို့ ချီ​သွား​တော်​မူ၏။ ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။ သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။