YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဗက္ကုတ် 1:12-17

ဟဗက္ကုတ် 1:12-17 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ တည်​တော်​မူ​သည်​မ ဟုတ်​လော။ သို့​ဟုတ်​လျှင်၊ အ​ကျွန်ုပ်​တို့​သည် သေ​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို စစ်​ကြော​စေ​ခြင်း​ငှာ သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ အို ကျောက်​ထ​ရံ၊ ဆုံး​မ​စေ​ခြင်း​ငှာ သူ​တို့​ကို နေ​ရာ​ချ​တော်​မူ​ပြီ။ ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။ လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ပင်​လယ်​ငါး​ကဲ့​သို့​လည်း​ကောင်း၊ မင်း​မ​ရှိ​သော ပိုး​ကောင်​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​ကြောင့် ဖြစ်​စေ​တော်​မူ​သ​နည်း။ ရန်​သူ​သည် ထို​သူ​အ​ပေါင်း​တို့​ကို ငါး​မျှား​နှင့် မျှား​လျက်၊ ကွန်​နှင့်​အုပ်​လျက်၊ ပိုက်​နှင့်​လှောင်​လျက် ဝမ်း​မြောက်​ရွှင်​လန်း​တတ်၏။ မိ​မိ​ကျွန်​အား ယဇ်​ပူ​ဇော်၍၊ မိ​မိ​ပိုက်​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ အ​ကြောင်း​မူ​ကား၊ ထို​တန်​ဆာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၍ ဝ​စွာ​စား​ရ၏။ သို့​ဖြစ်၍၊ သူ​သည် ပိုက်​ကွန်​ထဲ​က ငါး​တို့​ကို သွန်း​လောင်း​ရ​ပါ​မည်​လော။ လူ​အ​မျိုး​မျိုး​တို့​ကို မ​နှ​မြော​ဘဲ အ​စဉ်​လုပ်​ကြံ​ရ​ပါ​မည်​လော။