ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ငါအပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။ သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဖွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 9 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 9:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ