YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 8:15-22

ကမ္ဘာဦး 8:15-22 JBMLE

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည်၊ သား၊ မ​ယား၊ ချွေး​မ​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​က ထွက်​ဆင်း​လော့။ သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။ ထို​အ​ခါ​နော​ဧ​မှ​စ၍ သား၊ မ​ယား၊ ချွေး​မ​တို့​သည် ထွက်​ဆင်း​ကြ၏။ သား​များ၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ၊ ငှက်​များ၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​သော အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ သင်္ဘော​ထဲ​က​ထွက်​ဆင်း​ကြ၏။ နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။