ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြလေ၏။ ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသောတိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထားတော်မူ၏။ ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်းတိုးတက်၍၊ သင်္ဘောကို မြေမှခွာလျက် ဆောင်ယူလေ၏။ တစ်ဖန်ရေသည်အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ နောက်တစ်ဖန်ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောတောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ရေမြုပ်သောတောင်တို့အထက်၌ လွှမ်းတက်သောရေသည် ဆယ်ငါးတောင်ရှိသတည်း။ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ အသက်ရှူလျက် ကုန်းပေါ်မှာရှိလေသမျှတို့သည် သေကြကုန်၏။ မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို မြေကြီးပေါ်ကပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကျန်ကြွင်းကြလေ၏။ ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်း တစ်ရာငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။
ကမ္ဘာဦး 7 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 7:13-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ