YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 50:15-21

ကမ္ဘာဦး 50:15-21 JBMLE

ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊ သူ့​ထံ​သို့​တ​မန်​ကို​စေ​လွှတ်၍၊ ကိုယ်​တော်​အစ်​ကို​တို့​သည် မ​ကောင်း​သော​အ​မှု​ကို ကိုယ်​တော်​အား​ပြု​မိ၍၊ ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။ အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။ သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။ ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။