YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 5:1-32

ကမ္ဘာဦး 5:1-32 JBMLE

အာ​ဒံ၏​သား​စဉ်​မြေး​ဆက် စာ​ရင်း​ဟူ​မူ​ကား၊ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကာ​လ၌၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ၏။ လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း၍၊ ကောင်း​ချီး​ပေး​တော်​မူ၏။ ဖန်​ဆင်း​သော​နေ့၌​လည်း သူ​တို့​ကို အာ​ဒံ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။ အာ​ဒံ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော်၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တ​သ​ဏ္ဌာန်​တည်း​သား​ကို​မြင်​ရ၍၊ ရှေ​သ​အ​မည်​ဖြင့် မှည့်​လေ၏။ ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ အာ​ဒံ​သည် အ​သက်​နှစ်​ပေါင်း ကိုး​ရာ​သုံး​ဆယ်​စေ့​သော် သေ​လေ​၏။ ရှေ​သ​သည် အ​သက်​တစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ သား​ဧ​နုတ်​ကို မြင်​လေ​၏။ ဧ​နုတ်​ဖွား​မြင်​သော​နောက်၊ ရှေ​သ​သည် အ​နှစ်​ရှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်​၍၊ သား​သ​မီး​များ​ကို​မြင်​လေ​၏။ ရှေ​သ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။ ဧ​နုတ်​သည် အ​သက်​ကိုး​ဆယ်​ရှိ​သော်၊ သား​ကာ​ဣ​နန်​ကို မြင်​လေ​၏။ ကာ​ဣ​နန်​ဖွား​မြင်​သော​နောက်၊ ဧ​နုတ်​သည် အ​နှစ်​ရှစ်​ရာ​တစ်​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို မြင်​လေ​၏။ ဧ​နုတ်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ငါး​နှစ်​စေ့​သော် သေ​လေ၏။ ကာ​ဣ​နန်​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​မ​ဟာ​လေ​လ​ကို မြင်​လေ၏။ မ​ဟာ​လေ​လ​ဖွား​မြင်​သော​နောက်၊ ကာ​ဣ​နန်​သည် အ​နှစ်​ရှစ်​ရာ​လေး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။ ကာ​ဣ​နန်​သည်၊ အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​စေ့​သော် သေ​လေ​၏။ မ​ဟာ​လေ​လ​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ယာ​ရက်​ကို မြင်​လေ​၏။ ယာ​ရက်​ဖွား​မြင်​သော​နောက်၊ မ​ဟာ​လေ​လ​သည် အ​နှစ်​ရှစ်​ရာ​သုံး​ဆယ်​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို မြင်​လေ​၏။ မ​ဟာ​လေ​လ​သည် အ​သက်​နှစ်​ပေါင်း​ရှစ်​ရာ​ကိုး​ဆယ်​ငါး​နှစ်​စေ့​သော် သေ​လေ​၏။ ယာ​ရက်​သည် အ​သက်​တစ်​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ဧ​နောက်​ကို မြင်​လေ​၏။ ဧ​နောက်​ဖွား​မြင်​သော​နောက် ယာ​ရက်​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို​မြင်​လေ​၏။ ယာ​ရက်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။ ဧ​နောက်​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​မ​သု​ရှ​လ​ကို မြင်​လေ၏။ မ​သု​ရှ​လ​ဖွား​မြင်​သော​နောက်၊ ဧ​နောက်​သည် အ​နှစ်​သုံး​ရာ​ပတ်​လုံး ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။ ဧ​နောက်​အ​သက်​နှစ်​ပေါင်း​သုံး​ရာ​ခြောက်​ဆယ်​ငါး​နှစ်​တည်း။ ဧ​နောက်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။ နောက်​တစ်​ဖန် သူ​သည်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် သိမ်း​ယူ​တော်​မူ​သော​ကြောင့်​တည်း။ မ​သု​ရှ​လ​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ သား​လာ​မက်​ကို မြင်​လေ၏။ လာ​မက်​ဖွား​မြင်​သော​နောက်၊ မ​သု​ရှ​လ​သည် အ​နှစ်​ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။ မ​သု​ရှ​လ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​ကိုး​နှစ်​စေ့​သော် သေ​လေ၏။ လာ​မက်​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ကို​မြင်၍၊ ဤ​သူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​သော​မြေ၌​လုပ်၍၊ ပင်​ပန်း​စွာ​ခံ​ရ​သော​ငါ​တို့​အား သက်​သာ​စေ​သော​သူ​ဖြစ်​လိမ့်​မည်​ဟူ၍၊ သူ့​ကို နော​ဧ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ နော​ဧ​ဖွား​မြင်​သော​နောက်၊ လာ​မက်​သည် အ​နှစ်​ငါး​ရာ​ကိုး​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။ လာ​မက်​သည် အ​သက်​နှစ်​ပေါင်း ခု​နစ်​ရာ​ခု​နစ်​ဆယ်​ခု​နစ်​နှစ်​စေ့​သော် သေ​လေ၏။ နော​ဧ​သည် အ​သက်​ငါး​ရာ​ရှိ၏။ နော​ဧ​သား​ကား၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။