YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 41:46-57

ကမ္ဘာဦး 41:46-57 JBMLE

ယော​သပ်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ အခွင့်​ရ​သော​အ​ခါ၊ အ​သက်​အ​နှစ်​သုံး​ဆယ်​ရှိ​သ​တည်း။ အ​ထံ​တော်​က​ထွက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး သို့​သွား​လေ၏။ ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ပတ်​လုံး မြေ​အ​သီး​အ​နှံ​တို့​သည် အ​လွန်​များ​ပြား​ကြ၏။ ခု​နစ်​နှစ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်​တွင်​ရှိ​သ​မျှ​သော​ရိ​က္ခာ​ကို​စု​ရုံး၍ မြို့​တို့၌ သို​ထား​လေ၏။ မြို့​ပတ်​ဝန်း​ကျင်​လယ်​တို့၌​ရ​သော ရိ​က္ခာ​ကို​မြို့​အ​သီး​အ​သီး​တို့​တွင် သို​ထား​လေ၏။ စ​ပါး​ကို​ကား သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​စု​ထား၍ မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် မ​ရေ​တွက်​ဘဲ​နေ​သ​တည်း။ အ​စာ​ခေါင်း​ပါး​သော​နှစ်​မ​ရောက်​မီ၊ ယော​သပ်​သည် ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​တွင် သား​နှစ်​ယောက်​တို့​ကို မြင်​ရ၏။ သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ ထို​နောက် အဲ​ဂု​တ္တု​ပြည်၌​ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ကုန်​လေ၏။ ယော​သပ်​ပြော​သည်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သော​နှစ်​တို့​သည် ရောက်​စ​ရှိ၏။ ထို​အ​ခါ ခပ်​သိမ်း​သော​ပြည်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​သော်​လည်း အဲ​ဂု​တ္တု​ပြည်၌ ဆန်​စ​ပါး​ရှိ​သေး၏။ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် မွတ်​သိပ်​သော​အ​ခါ စား​စ​ရာ​ကို​ရ​ပါ​မည်​အ​ကြောင်း ဖာ​ရော​မင်း​ထံ၌​ကြွေး​ကြော်​ကြ၏။ ဖာ​ရော​မင်း​က​လည်း၊ ယော​သပ်​ထံ​သို့​သွား​ကြ၊ သူ​စီ​ရင်​သည်​အ​တိုင်း​ပြု​ကြ​ဟု အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို မိန့်​တော်​မူ၏။ မြေ​ပြင်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​သော​အ​ခါ၊ ယော​သပ်​သည် စ​ပါး​ကျီ​ရှိ​သ​မျှ​တို့​ကို​ဖွင့်၍ အဲ​ဂု​တ္တု​လူ​တို့​အား​ရောင်း​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ အ​စဉ်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သ​တည်း။ ခပ်​သိမ်း​သော​ပြည်​တို့၌​လည်း အ​လွန်​အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အ​သီး​အ​သီး​သော​ပြည်​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​ယော​သပ်​ထံ​သို့ လာ​ရောက်​ကြ၏။