YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 41:38-44

ကမ္ဘာဦး 41:38-44 JBMLE

ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။ ယော​သပ်​အား​လည်း၊ ဘု​ရား​သ​ခင်​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို သင့်​အား​ပြ​တော်​မူ​သည်​ဖြစ်၍ သင်​ကဲ့​သို့ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​မ​ရှိ။ သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊ လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊ ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။ ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။