YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 41:33-46

ကမ္ဘာဦး 41:33-46 JBMLE

သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​သည် ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သော​သူ​ကို ရွေး​ချယ်၍ အဲ​ဂု​တ္တု​ပြည်​ကို အုပ်​စိုး​စေ​တော်​မူ​ပါ။ ခန့်​ထား​တော်​မူ​သော​သူ​သည်​လည်း တစ်​ပြည်​လုံး၌ အ​ကြီး​အ​ကြပ်​တို့​ကို​ခန့်​ထား၍၊ ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ပတ်​လုံး တစ်​ပြည်​လုံး​တွင် ငါး​ဖို့​တစ်​ဖို့​ကောက်​ယူ​ကြ​ပါ​စေ။ ထို​သူ​တို့​သည်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​နှစ်​တို့​တွင် ရိ​က္ခာ​ရှိ​သ​မျှ​ကို​စု​ရုံး၍ ဖာ​ရော​ဘု​ရင်​ထံ​တော်၌ စ​ပါး​များ​ကို​ဆည်း​ပူး​ကြ​ပါ​စေ။ မြို့​များ၌​လည်း ရိ​က္ခာ​ကို သို​ထား​ကြ​ပါ​စေ။ သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ရောက်​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​စား​စ​ရာ​ဖို့ သို​ထား​လျက်​ရှိ​နှင့်၍ အ​စာ​ခေါင်း​ပါး​သော​ကာ​လ​တွင် ပြည်​တော်​မ​ပျက်​ရ​ဟု ဖာ​ရော​မင်း​အား​လျှောက်​လေ၏။ ထို​သို့​ယော​သပ်​လျှောက်​သော​စ​ကား​ကို ဖာ​ရော​မင်း​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၍၊ ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။ ယော​သပ်​အား​လည်း၊ ဘု​ရား​သ​ခင်​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို သင့်​အား​ပြ​တော်​မူ​သည်​ဖြစ်၍ သင်​ကဲ့​သို့ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​မ​ရှိ။ သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊ လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊ ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။ ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။ ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။ ယော​သပ်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ အခွင့်​ရ​သော​အ​ခါ၊ အ​သက်​အ​နှစ်​သုံး​ဆယ်​ရှိ​သ​တည်း။ အ​ထံ​တော်​က​ထွက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး သို့​သွား​လေ၏။