ထိုအခါ လာဗန်သားတို့က၊ ငါတို့ဘခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သောစည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊ လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။ ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘေးနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။ ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ခေါ်ပြီးလျှင်၊ သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။ သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။ သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။ သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက်သောအကောင်တို့ကိုမွေးကြ၏။ ကျားသောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။ ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။
ကမ္ဘာဦး 31 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 31:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ