YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:1-13

ကမ္ဘာဦး 3:1-13 JBMLE

မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။ မိန်း​မ​က​လည်း၊ ငါ​တို့​သည် ဥ​ယျာဉ်၌​ရှိ​သော​အ​ပင်​တို့၏ အ​သီး​ကို​စား​ရ​သော အ​ခွင့်​ရှိ၏။ ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။ မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ထို​အ​သီး​ကို​စား​သော​နေ့၌ သင်​တို့​သည် မျက်​စိ​ပွင့်​လင်း​လျက် ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​သည်​ကို၊ ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဟု မိန်း​မ​အား​ဆို၏။ ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။ ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။ နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။ လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သင်​အား​အ​ဘယ်​သူ​ပြော​သ​နည်း။ မ​စား​ရ​ဟု ငါ​ပ​ညတ်​သော အ​ပင်၏​အ​သီး​ကို​စား​ပြီ​လော​ဟု မေး​တော်​မူ၏။ လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။