YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 26:1-5

ကမ္ဘာဦး 26:1-5 JBMLE

အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သူ့​အား​ထင်​ရှား၍၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​မ​သွား​နှင့်၊ ငါ​ပြော​လ​တ္တံ့​သော​ပြည်၌​နေ​လော့။ ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ငါ​စီ​ရင်​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​မျိုး​မျိုး​တို့​ကို စောင့်​ရှောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။