YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 21:8-21

ကမ္ဘာဦး 21:8-21 JBMLE

ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။ အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​တွင် အာ​ဗြ​ဟံ​ရ​သော​သား​သည် ဆဲ​ရေး​သည်​ကို စာ​ရာ​သိ​မြင်​လျှင်၊ ဤကျွန်​မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤ​ကျွန်​မ၏​သား​သည် အ​ကျွန်ုပ်၏​သား​ဣ​ဇာက်​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု အာ​ဗြ​ဟံ​အား ဆို​လေ၏။ အာ​ဗြ​ဟံ​လည်း၊ မိ​မိ​သား​ဖြစ်​သော​ကြောင့်၊ ထို​အ​မှု​အ​လွန်​ခက်​သည်​ဟု ထင်​လေ၏။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​က၊ ထို​သူ​ငယ်​နှင့် သင်၏​ကျွန်​မ​ကြောင့်၊ ဤ​အ​မှု​ခက်​သည်​ဟု မ​ထင်​နှင့်။ စာ​ရာ​ပြော​လေ​ရာ​ရာ၌ သူ၏​စ​ကား​ကို နား​ထောင်​လော့။ အ​ကြောင်း​မူ​ကား၊ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်။ ကျွန်​မ၏​သား​သည် သင်၏​အ​မျိုး​ဖြစ်​သော​ကြောင့်၊ သူ့​ကို​လည်း လူ​မျိုး​ဖြစ်​စေ​မည်​ဟု အာ​ဗြ​ဟံ​အား မိန့်​တော်​မူ၏။ အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။ ဘူး၌​ရေ​ကုန်​သော​အ​ခါ၊ သူ​ငယ်​ကို ချုံ​ပုတ်​အောက်၌​ထား၍၊ ငါ​သည်​သူ​ငယ်​သေ​သည်​ကို မ​မြင်​လို​ဟု​ဆို​လျက်၊ ခပ်​ဝေး​ဝေး၊ လေး​တစ်​ပစ်​ခန့်​လောက်​သွား​ပြီး​လျှင်၊ သူ​ငယ်​ရှေ့​မှာ ထိုင်၍​နေ​လေ၏။ ထို​သို့​ထိုင်၍​နေ​စဉ်၊ သူ​သည်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။ ထ​လော့။ လု​လင်​ကို​ကြွ၍ လက်​နှင့်​မ​လော့။ ငါ​သည်​သူ့​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်​ဟု ကောင်း​ကင်​ထဲ​က​ခေါ်၍ ဟာ​ဂ​ရ​အား​မြွက်​ဆို၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။ ထို​လု​လင်​ဘက်၌​လည်း၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ သူ​သည်​ကြီး​ပွား၍ တော၌​နေ​သ​ဖြင့်၊ လေး​သ​မား​ဖြစ်​လေ၏။ ပါ​ရန်​တော၌​နေ​သည်​ဖြစ်၍၊ သူ့​အ​မိ​သည် အဲ​ဂု​တ္တု​ပြည်​မှ မိန်း​မ​တစ်​ယောက်​ကို​ခေါ်၍ သူ​နှင့် စုံ​ဖက်​စေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။