YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 2:9-17

ကမ္ဘာဦး 2:9-17 JBMLE

ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။ ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။ ပ​ထ​မ​မြစ်​ကား ဖိ​ရှုန်​အ​မည်​ရှိ၏။ ထို​မြစ်​သည် ရွှေ​ရှိ​သော ဟာ​ဝိ​လ​ပြည်​နား တစ်​လျှောက်​လုံး​ကို စီး​သွား​လေ၏။ ထို​ပြည်​မှ​ဖြစ်​သော​ရွှေ​သည် ကောင်း​လှ​၏။ ဗ​ဓေ​လ​သစ်​စေး​နှင့် ရှ​ဟံ​ကျောက်​လည်း​ရှိ၏။ ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။ တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။ ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။