YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 2:4-15

ကမ္ဘာဦး 2:4-15 JBMLE

ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။ မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊ မြေ​မှ​အ​ခိုး​အ​ငွေ့​ထွက်​သ​ဖြင့် မြေ​တစ်​ပြင်​လုံး​ကို စို​စေ​လေ​၏။ ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။ ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။ ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။ ပ​ထ​မ​မြစ်​ကား ဖိ​ရှုန်​အ​မည်​ရှိ၏။ ထို​မြစ်​သည် ရွှေ​ရှိ​သော ဟာ​ဝိ​လ​ပြည်​နား တစ်​လျှောက်​လုံး​ကို စီး​သွား​လေ၏။ ထို​ပြည်​မှ​ဖြစ်​သော​ရွှေ​သည် ကောင်း​လှ​၏။ ဗ​ဓေ​လ​သစ်​စေး​နှင့် ရှ​ဟံ​ကျောက်​လည်း​ရှိ၏။ ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။ တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။