YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 19:23-29

ကမ္ဘာဦး 19:23-29 JBMLE

လော​တ​သည် ဇော​ရ​မြို့​သို့​ဝင်​သော​အ​ခါ၊ မြေ​ကြီး​ပေါ်​မှာ နေ​ထွက်​ချိန်​ဖြစ်​သ​တည်း။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။ ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။ လော​တ၏​မ​ယား​မူ​ကား၊ နောက်​သို့​လှည့်​ကြည့်၍ ဆား​တိုင်​ဖြစ်​လေ၏။ နံ​နက်​စော​စော အာ​ဗြ​ဟံ​သည်​ထ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​သော အ​ရပ်​သို့​သွား​ပြီး​လျှင်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။ ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။