YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 19:1-30

ကမ္ဘာဦး 19:1-30 JBMLE

ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊ အ​ကျွန်ုပ်​သ​ခင်​တို့၊ ကိုယ်​တော်​တို့​ကျွန်​၏​အိမ်​သို့​ဝင်၍ တစ်​ည​လုံး​နေ​ကြ​ပါ။ ခြေ​ကို​ဆေး​ကြ​ပါ။ နံ​နက်​စော​စော​ထ၍ ကြွ​သွား​ကြ​ပါ​လော့​ဟု ဆို​လေ​၏။ ကောင်း​ကင်​တ​မန်​တို့​က၊ ငါ​တို့​သည်​မ​ဝင်၊ တစ်​ည​လုံး​လမ်း၌​နေ​တော့​မည်​ဟု ဆို​သော်​လည်း၊ ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။ ထို​သူ​တို့​သည်​မ​အိပ်​မီ၊ သော​ဒုံ​မြို့​သား ယောက်ျား​အ​ကြီး​အ​ငယ်၊ အ​ရပ်​ရပ်​က​လာ​သော သူ​အ​ပေါင်း​တို့​သည် အိမ်​ကို​ဝိုင်း​၍၊ လော​တ​ကို​ဟစ်​ခေါ်​လျက်၊ ယ​နေ့​ည​မှာ သင့်​အိမ်​သို့​ဝင်​သော​လူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ထို​သူ​တို့​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ငါ​တို့​ထံ​သို့ ထွက်​စေ​လော့​ဟု ဆို​ကြ၏။ လော​တ​သည်​လည်း၊ တံ​ခါး​ပြင်​မှာ သူ​တို့​ထံ​သို့​ထွက်၍၊ မိ​မိ​နောက်၌ တံ​ခါး​ကို​ပိတ်​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ဓ​မ္မ​အ​မှု​ကို ဤ​မျှ​လောက်​မ​ပြု​ကြ​ပါ​နှင့်။ အ​ကျွန်ုပ်​၌ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သော သ​မီး​နှစ်​ယောက်​ရှိ​ပါ၏။ သူ​တို့​ကို သင်​တို့​ထံ​သို့​ထုတ်​ရ​သော​အ​ခွင့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့၌ အ​လျှင်း​မ​ပြု​ကြ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အိမ်​မိုး​အ​ရိပ်​ကို​ခို​နေ​ပါ​၏​ဟု တောင်း​ပန်​သော်​လည်း၊ သူ​တို့​က၊ ဆုတ်​လော့​ဟု​ဆို​ကြ၏။ တစ်​ဖန်​ကား၊ သင်​သည်​တည်း​ခို​ခြင်း​ငှာ​သာ​ရောက်​လာ​သည်​နှင့် တ​ရား​သူ​ကြီး​လုပ်​ရ​မည်​လော။ ယ​ခု​မှာ ထို​သူ​တို့၌​ပြု​သည်​ထက်၊ သင်၌​သာ၍​ဆိုး​သော​အ​မှု​ကို​ပြု​မည်​ဟု​ဆို​လျက်၊ လော​တ​ကို​ကျပ်​ကျပ်​ဖိ၍ တံ​ခါး​ကို​လည်း ပေါက်​ခွဲ​ချိုး​ဖဲ့​ခြင်း​ငှာ ချဉ်း​လာ​ကြ​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တို့​သည် လက်​ကို​ဆန့်​၍၊ လော​တ​ကို မိ​မိ​တို့​နေ​ရာ​အိမ်​အ​တွင်း​သို့ ဆွဲ​သွင်း​ပြီး​လျှင်၊ တံ​ခါး​ကို​ပိတ်​ကြ​၏။ အိမ်​တံ​ခါး​နား​မှာ​ရှိ​သော​သူ​အ​ကြီး​အ​ငယ်​တို့​ကို၊ မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​သ​ဖြင့်၊ သူ​တို့​သည်​တံ​ခါး​ကို​ရှာ၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ၏။ ကောင်း​ကင်​တ​မန်​တို့​က​လည်း၊ ဤ​အ​ရပ်၌ သင်​နှင့်​ဆိုင်​သော​သူ​ရှိ​သေး​သ​လော။ သား​သ​မီး၊ သ​မက်၊ မြို့​ထဲ​မှာ​သင်၌​ရှိ​သ​မျှ​ကို ဤ​အ​ရပ်​က​ထုတ်​ဆောင်​လော့။ ဤ​အ​ရပ်​ကို ငါ​တို့​သည်​ဖျက်​ဆီး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​လွန်​ကြွေး​ကြော်​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​စေ​လွှတ်​တော်​မူ​ပြီ​ဟု လော​တ​အား​ပြော​ဆို​ကြ​၏။ လော​တ​ထွက်​၍၊ သ​မီး​နှင့်​စုံ​ဖက်​သော​သူ၊ မိ​မိ​သ​မက်​တို့​အား ထ​ကြ၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ကြ၊ ဤ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​သော်​လည်း၊ ကျီ​စား​ဟန်​ရှိ​သည်​ဟု သ​မက်​တို့​ထင်​ကြ၏။ မိုး​သောက်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​တို့​သည် လော​တ​ကို​ဆော်​လျက်၊ သင်​သည်​ထ၍ ဤ​အ​ရပ်၌​ရှိ​သော မ​ယား​နှင့် သ​မီး​နှစ်​ယောက်​တို့​ကို ယူ​သွား​လော့။ သို့​မ​ဟုတ်၊ မြို့၏​အ​ပြစ်၌ ဆုံး​ခြင်း​သို့​ရောက်​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​သည်​ဖင့်​နွှဲ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သ​နား​တော်​မူ​သော​ကြောင့်၊ ကောင်း​ကင်​တ​မန်​တို့​သည်၊ သူ​နှင့် သူ၏​မ​ယား၊ သူ၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ၍၊ မြို့​ပြင်​သို့ ထုတ်​ဆောင်​ကြ၏။ ပြင်​သို့​ရောက်​သော​အ​ခါ၊ သင်​သည်​အ​သက်​ချမ်း​သာ​ရ​ခြင်း​ငှာ ပြေး​လော့။ နောက်​သို့​လှည့်၍ မ​ကြည့်​နှင့်။ မြေ​ညီ​သော​အ​ရပ်၌ အ​လျှင်း​မ​နေ​နှင့်။ တောင်​ပေါ်​သို့​ပြေး​လော့။ သို့​မ​ဟုတ် ဆုံး​လိမ့်​မည်​ဟု ဆို​လေ၏။ လော​တ​က​လည်း၊ အ​ကျွန်ုပ်​သ​ခင် ထို​သို့​မ​ဆို​ပါ​နှင့်။ ယ​ခု​မှာ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​အ​သက်​ချမ်း​သာ​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၌​ပြု​တော်​မူ​သော​က​ရု​ဏာ ကျေး​ဇူး​များ​ပြား​လှ​ပါ၏။ ဘေး​လွတ်၍​တောင်​ပေါ်​သို့ မ​ပြေး​နိုင်​ပါ။ ဘေး​တစ်​စုံ တစ်​ခု​တွေ့၍​သေ​မည်​ကို စိုး​ရိမ်​ပါ​၏။ ကြည့်​ပါ။ ထို​မြို့​နီး​ပါ၏။ ပြေး​သာ​ပါ၏။ ငယ်​သော​မြို့​လည်း​ဖြစ်​ပါ၏။ ဘေး​လွတ်၍ ထို​အ​ရပ်​သို့​ပြေး​ပါ​ရ​စေ။ ထို​မြို့​သည် ငယ်​သော​မြို့​မ​ဟုတ်​လော။ သို့​ပြေး​လျှင်၊ အ​သက်​ချမ်း​သာ​ရ​ပါ​မည်​ဟု လျှောက်​ဆို​၏။ ထို​သူ​က​လည်း၊ ကြည့်​ပါ။ ဤ​အ​မူ​အ​ရာ၌​လည်း သင်၏​စ​ကား​ကို ငါ​နား​ထောင်​စေ​ခြင်း​ငှာ၊ ထို​မြို့​အ​တွက်​တောင်း​ပန်​သော​ကြောင့် ငါ​မ​ဖျက်​ဆီး။ ဘေး​လွတ်​ခြင်း​ငှာ ထို​မြို့​သို့​အ​လျင်​အ​မြန်​ပြေး​လော့။ ထို​မြို့​သို့​မ​ရောက်​မီ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ဟု​ဆို​လေ၏။ ထို​ကြောင့် ထို​မြို့​ကို ဇော​ရ​မြို့​ဟု​သ​မုတ်​ကြ​၏။ လော​တ​သည် ဇော​ရ​မြို့​သို့​ဝင်​သော​အ​ခါ၊ မြေ​ကြီး​ပေါ်​မှာ နေ​ထွက်​ချိန်​ဖြစ်​သ​တည်း။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။ ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။ လော​တ၏​မ​ယား​မူ​ကား၊ နောက်​သို့​လှည့်​ကြည့်၍ ဆား​တိုင်​ဖြစ်​လေ၏။ နံ​နက်​စော​စော အာ​ဗြ​ဟံ​သည်​ထ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​သော အ​ရပ်​သို့​သွား​ပြီး​လျှင်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။ ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။ လော​တ​သည် ဇော​ရ​မြို့​မှ​ထွက်၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ တောင်​ပေါ်​မှာ​နေ၏။ ဇော​ရ​မြို့၌​မ​နေ​ဝံ့၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ ဥ​မင်၌​နေ​၏။