YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 18:16-23

ကမ္ဘာဦး 18:16-23 JBMLE

ထို​လူ​တို့​သည် ထို​အ​ရပ်​က​ထ၍ သော​ဒုံ​မြို့​သို့ မျက်​နှာ​ပြု​လျက်​သွား​ကြ၏။ အာ​ဗြ​ဟံ​သည်​လည်း သူ​တို့​ကို​ပို့​ခြင်း​ငှာ လိုက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပြု​မည်​အ​မှု​ကို အာ​ဗြ​ဟံ​အား မ​ဖော်​မ​ပြ​ဘဲ ဝှက်​ထား​ရ​မည်​လော။ အာ​ဗြ​ဟံ​သည်​ကြီး​မြတ်၍၊ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့်​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၌ ကြွေး​ကြော်​သော​အ​သံ​သည်​ကြီး၍၊ အ​လွန်​အ​ပြစ်​လေး​သော​ကြောင့်၊ ယ​ခု​ငါ​သွား၍ ငါ့​ရှေ့​သို့​ရောက်​ခဲ့​ပြီး​သော ကြွေး​ကြော်​ခြင်း​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​မှန်​ပြု​သည် မ​ပြု​သည်​ကို ငါ​ကြည့်​ရှု​မည်။ မ​ပြု​လျှင် မ​ပြု​ကြောင်း​ကို ငါ​သိ​မည်​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် ထို​အ​ရပ်​မှ​မျက်​နှာ​လှည့်၍ သော​ဒုံ​မြို့​သို့​သွား​ကြ၏။ အာ​ဗြ​ဟံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​လျက်​ရှိ​သေး​၏။ ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။