YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 17:1-27

ကမ္ဘာဦး 17:1-27 JBMLE

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ပြု​မည်။ သင့်​ကို​ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ​၏။ အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။ ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။ သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့၌ သား​ယောက်ျား​တိုင်း၊ ကိုယ်​အိမ်၌​ဖွား​သော​သူ​ဖြစ်​စေ၊ ကိုယ်​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​၌ ငွေ​နှင့် ဝယ်​သော​သူ​ဖြစ်​စေ၊ အ​သက်​ရှစ်​ရက်​မြောက်​လျှင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ရ​မည်။ ကိုယ်​အိမ်၌​ဖွား​သော​သူ၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​သည်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ ငါ့​ပ​ဋိ​ညာဉ်​လည်း သင်​တို့၏​အ​သား၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​လိမ့်​မည်။ အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရဲ​ကို​မူ​ကား၊ စာ​ရဲ​ဟူ​သော အ​မည်​ဖြင့်​မ​ခေါ်​ရ၊ စာ​ရာ​ဟူ​သော​အ​မည်​ဖြင့် ခေါ်​ရ၏။ သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။ ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ပျပ်​ဝပ်​လျက်၊ အ​သက်​တစ်​ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​လိမ့်​မည်​လော။ အ​သက်​ကိုး​ဆယ်​ရှိ​သော စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်​လော​ဟု ရယ်​လျက်၊ စိတ်​နှ​လုံး​ထဲ​မှာ​အောက်​မေ့​ပြီး​လျှင်၊ ဣ​ရှ​မေ​လ​သည် ရှေ့​တော်၌​အ​သက်​ရှင်​ပါ​စေ​သော​ဟု၊ ဘု​ရား​သ​ခင်​ကို လျှောက်​သော​အ​ခါ၊ ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ဣ​ရှ​မေ​လ​အ​မှု၌​ကား၊ သင်၏​စ​ကား​ကို ငါ​နား​ထောင်၏။ သူ့​ကို ငါ​ကောင်း​ချီး​ပေး၏။ သူ့​အ​နွယ်​ကို​တိုး​ပွား​စေ၍ သူ့​ကို​အ​လွန်​များ​ပြား​စေ​မည်။ သူ​သည် မင်း​သား​ဆယ်​နှစ်​ပါး​တို့၏​အ​ဘ ဖြစ်​လိမ့်​မည်။ ကြီး​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း ငါ​ပြု​မည်။ သို့​သော်​လည်း၊ နောင်​နှစ်၊ ချိန်း​ချက်​သော​အ​ချိန်​တွင်၊ စာ​ရာ​သည် သင်​အား​ဖွား​လ​တ္တံ့​သော​သား​ဣ​ဇာက်၌၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မိန့်​မြွက်​တော်​မူ​သံ​ငြိမ်း၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​ထံ​မှ တက်​ကြွ​တော်​မူ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။ အာ​ဗြ​ဟံ​သည် ကိုယ်​တိုင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော​အ​ခါ၊ အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​၏။ သား​ဣ​ရှ​မေ​လ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော​အ​ခါ၊ အ​သက်​တစ်​ဆယ်​သုံး​နှစ်​ရှိ​၏။ တစ်​နေ့​ချင်း​တွင် အာ​ဗြ​ဟံ​နှင့် သား​ဣ​ရှ​မေ​လ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​လေ​၏။ သူ၏​အိမ်၌​ဖွား​သော​သူ၊ တစ်​ပါး​အ​မျိုး​သား၌ သူ၏​ငွေ​နှင့်​ဝယ်​သော​သူ၊ သူ၏​အိမ်​နှင့်​ဆိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သူ​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ကြ​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။