YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 15:1-21

ကမ္ဘာဦး 15:1-21 JBMLE

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊ အာ​ဗြံ​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် သား​မ​ရှိ​ဘဲ​သွား​ရ​ပါ၏။ ဤ​ဒ​မာ​သက်​မြို့​သား ဧ​လျာ​ဇာ​သည် အ​ကျွန်ုပ်၏ အ​မွေ​ခံ​ဖြစ်​ရ​ပါ၏။ သို့​ဖြစ်၍ အ​ဘယ်​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပါ​မည်​နည်း​ဟု လျှောက်​ဆို​၏။ တစ်​ဖန်​အာ​ဗြံ​က အ​ကျွန်ုပ်​အား​အ​မျိုး​အ​နွယ်​ကို ပေး​တော်​မ​မူ​ပါ။ အ​ကျွန်ုပ်၏ အိမ်၌​ဖွား​သော​သူ​သည် အ​ကျွန်ုပ်၏​အ​မွေ​ခံ​ဖြစ်​ရ​ပါ​သည်​တ​ကား​ဟု လျှောက်​ဆို​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဤ​သူ​သည် သင်၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်၏​ကိုယ်​ထဲ​က​ထွက်​သော​သူ​သည် သင်၏​အ​မွေ​ခံ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ အာ​ဗြံ​ကို​ပြင်​သို့ ထုတ်​ဆောင်​တော်​မူ၍၊ မိုး​ကောင်း​ကင်​ကို​မျှော်​ကြည့်​လော့။ ကြယ်​များ​ကို​ရေ​တွက်​နိုင်​လျှင် ရေ​တွက်​လော့။ သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။ တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သုံး​နှစ်​အ​သက်​ရှိ​သော​နွား​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​ဆိတ်​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​သိုး​ထီး​တစ်​ကောင်၊ ချိုး​တစ်​ကောင်၊ ခို​သ​ငယ်​တစ်​ကောင်​တို့​ကို​ငါ​ဖို့​ယူ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​ယူ၍၊ တစ်​ကောင်​တစ်​ကောင်​ကို ထက်​ဝက်​စီ​ခွဲ​ပြီး​လျှင်၊ ခွဲ​သော​အ​သား​တို့​ကို တစ်​ဖက်​တစ်​ချက်၌​ထား​လေ၏။ ငှက်​ကောင်​တို့​ကို​မ​ခွဲ။ ငှက်​ရဲ​တို့​သည် အ​သေ​ကောင်​တို့​အ​ပေါ်​သို့ ဆင်း​လာ​သော​အ​ခါ၊ အာ​ဗြံ​သည်​နှင်​လေ၏။ နေ​ဝင်​သော​အ​ခါ၊ အာ​ဗြံ​သည် ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​လျက်၊ ထူ​သော​မှောင်​မိုက်​နှင့်​တွေ့၍၊ ထိတ်​လန့်​ခြင်း​သို့ ရောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​အ​မျိုး​အ​နွယ်​သည်၊ သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌​ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး​ခံ​ရ​ကြ​လိမ့်​မည်​ကို အ​မှန်​သိ​မှတ်​လော့။ သူ​တို့​ကို​စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ၊ သူ​တို့​သည် များ​စွာ​သော​ဥ​စ္စာ​နှင့် ထွက်​ကြ​လိမ့်​မည်။ သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ လူ​မျိုး​လေး​ဆက်​လွန်​သော​အ​ခါ၊ သူ​တို့​သည် ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။ အာ​မော​ရိ​အ​မျိုး​သား​တို့၏​ဒု​စ​ရိုက်​အ​ပြစ်​သည် မ​စုံ​လင်​သေး​ဟု အာ​ဗြံ​အား မိန့်​တော်​မူ၏။ တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊ ကေ​နိ​လူ၊ ကေ​န​ဇိ​လူ၊ ကာ​ဒ​မော​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ရေ​ဖိမ်​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​အား ငါ​အပ်​ပေး​ပြီ​ဟု​မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။