YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 14:17-24

ကမ္ဘာဦး 14:17-24 JBMLE

ခေ​ဒေါ​ရ​လော​မာ​နှင့်၊ သူ့​ဘက်​က​နေ​သော​မင်း​ကြီး​တို့​ကို လုပ်​ကြံ​ရာ​မှ အာ​ဗြံ​ပြန်​လာ​သော​အ​ခါ၊ သော​ဒုံ​မင်း​ကြီး​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ရှာ​ဝေ​ချိုင့်​တည်း​ဟူ​သော မင်း​ကြီး​ချိုင့်​သို့​ထွက်​သွား၏။ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊ သင်၏​ရန်​သူ​တို့​ကို သင်၏​လက်၌​အပ်​နှံ​တော်​မူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​လည်း၊ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မြွက်​ဆို၏။ အာ​ဗြံ​သည်​လည်း ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို၊ ထို​မင်း​အား ဆယ်​ဖို့​တစ်​ဖို့​လှူ​လေ၏။ သော​ဒုံ​မင်း​ကြီး​က​လည်း၊ လူ​တို့​ကို ကျွန်ုပ်​အား​ပြန်​ပေး​ပါ။ ဥ​စ္စာ​တို့​ကို​ကား၊ ကိုယ်​တိုင်​ယူ​ပါ​လော့​ဟု အာ​ဗြံ​အား​ပြော​ဆို​လျှင်၊ အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။