YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 11:10-32

ကမ္ဘာဦး 11:10-32 JBMLE

ရှေ​မ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ရှေ​မ​သည် အ​သက်​တစ်​ရာ​ရှိ၍၊ ရေ​လွှမ်း​မိုး​သော​နောက်​နှစ်​နှစ်​ကြာ​သော်၊ သား​အာ​ဖာ​ဇဒ်​ကို မြင်​လေ၏။ အာ​ဖာ​ဇဒ်​ဖွား​မြင်​သော​နောက်၊ ရှေ​မ​သည် အ​နှစ်​ငါး​ရာ​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို​မြင်​လေ၏။ အာ​ဖာ​ဇဒ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ရှာ​လ​ကို​မြင်​လေ၏။ ရှာ​လ​ဖွား​မြင်​သော​နောက်၊ အာ​ဖာ​ဇဒ်​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ ရှာ​လ​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ဟေ​ဗာ​ကို​မြင်​လေ၏။ ဟေ​ဗာ​ဖွား​မြင်​သော​နောက်၊ ရှာ​လ​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ ဟေ​ဗာ​သည် အ​သက်​သုံး​ဆယ်​လေး​နှစ်​ရှိ​သော်၊ သား​ဖာ​လက်​ကို​မြင်​လေ၏။ ဖာ​လက်​ဖွား​မြင်​သော​နောက်၊ ဟေ​ဗာ​သည် အ​နှစ်​လေး​ရာ​သုံး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ ဖာ​လက်​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ရာ​ဂေါ​ကို​မြင်​လေ၏။ ရာ​ဂေါ​ဖွား​မြင်​သော​နောက်၊ ဖာ​လက်​သည် အ​နှစ်​နှစ်​ရာ​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​ဖွား​မြင်​လေ၏။ ရာ​ဂေါ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ သား​စေ​ရောက်​ကို​မြင်​လေ၏။ စေ​ရောက်​ဖွား​မြင်​သော​နောက်၊ ရာ​ဂေါ​သည် အ​နှစ်​နှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​နာ​ခေါ်​ကို​မြင်​လေ၏။ နာ​ခေါ်​ဖွား​မြင်​သော​နောက်၊ စေ​ရောက်​သည် အ​နှစ်​နှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ နာ​ခေါ်​သည် အ​သက်​နှစ်​ဆယ်​ကိုး​နှစ်​ရှိ​သော်၊ သား​တေ​ရ​ကို​မြင်​လေ၏။ တေ​ရ​ဖွား​မြင်​သော​နောက်၊ နာ​ခေါ်​သည် အ​နှစ်​တစ်​ရာ​တစ်​ဆယ်​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ တေ​ရ​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။ တေ​ရ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။ ခါ​ရန်​သည်​လည်း လော​တ​ကို​မြင်​လေ၏။ ခါ​ရန်​သည်၊ အ​ဘ​တေ​ရ​မ​သေ​မီ၊ မိ​မိ​ဖွား​ရာ​အ​ရပ်၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့၌​သေ​လေ၏။ အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။ စာ​ရဲ​မူ​ကား၊ မြုံ​သော​မိန်း​မ​ဖြစ်၍၊ သား​သ​မီး​မ​ရှိ။ တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။ တေ​ရ​သည် အ​သက်​နှစ်​ပေါင်း​နှစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ ခါ​ရန်​မြို့၌​သေ​လေ၏။