YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6:1-5

ဂလာတိ 6:1-5 JBMLE

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။- ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။- အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။- လူ​တိုင်း ကိုယ်​တိုင်​ပြု​သော​အ​မှု​ကို စစ်​ကြော​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး၌​မ​ဆို​ဘဲ ကိုယ်၌​သာ ဝါ​ကြွား ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ရှိ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။