YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 3:10-25

ဂလာတိ 3:10-25 JBMLE

ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။- တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။- ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။ ညီ​အစ်​ကို​တို့၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ငါ​ပြော​မည်။ လူ​သော်​လည်း ဝန်​ခံ​စာ​ကို​ချုပ်​ပြီး​မှ အ​ဘယ် သူ​မျှ​မ​ပယ်​ရ။ ထပ်​ဆင့်၍​စ​ကား​ကို မ​သွင်း​ရ။- က​တိ​တော်​တို့​ကို အာ​ဗြ​ဟံ​နှင့် သူ၏​အ​မျိုး​အ​နွယ်၌ ထား​တော်​မူ၏။ အ​မျိုး​အ​နွယ်​တို့​ဟု အ​များ​သော​သူ တို့​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​မ​ဟုတ်။ သင်၏ အ​မျိုး​အ​နွယ်​ဟု တစ်​ယောက်​သော​သူ​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ထို​တစ်​ယောက်​သော​သူ​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။- ငါ​ဆို​သည်​ကား၊ ခ​ရစ်​တော်​ကို​ရည်​မှတ်၍ ဘု​ရား​သ​ခင် တည်​စေ​တော်​မူ​နှင့်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​နှစ်​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ နောက်​ဖြစ်​သော ပ​ညတ်​တ​ရား​သည် မ​ပယ်​နိုင်။ က​တိ​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​နိုင်။- ထို​မှ​တစ်​ပါး၊ အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​နှင့် စပ်​ဆိုင်​လျှင် က​တိ​တော်​နှင့်​မ​စပ်​ဆိုင်။ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အား​ဖြင့် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို သ​နား​တော်​မူ၏။- သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။- အာ​မ​ခံ​မည်​သည်​ကား၊ တစ်​ဖက်​နှင့်​သာ ဆိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မူ​ကား တစ်​ဖက်​ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်၏ က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ ထို​သို့ မ​ဖြစ်​နိုင်​ရာ။ အ​သက်​ရှင်​စေ​နိုင်​သော ပ​ညတ်​တ​ရား​ကို ပေး​တော်​မူ​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် ထို​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​လိမ့်​မည်။- ယ​ခု​မူ​ကား၊ ယုံ​ကြည်​သော​သူ​တို့​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​နှင့် စပ်​ဆိုင်​သော က​တိ​တော်​ကို ရ​မည်​အ​ကြောင်း ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်၌​ချုပ်​ထား၏။- ယုံ​ကြည်​ခြင်း​တ​ရား​မ​ရောက်​မီ ပ​ညတ်​တ​ရား​သည် စောင့်​နေ​သည်​ဖြစ်၍၊ ထို​အ​ခါ​ငါ​တို့​သည် နောက်၌ ထင်​ရှား​လ​တ္တံ့​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို မျှော်​လ​င့်၍ ချုပ်​ထား​လျက်​ရှိ​ကြ၏။- ထို​ကြောင့် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​စေ​ခြင်း​ငှာ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​ထံ​သို့ ငါ​တို့​ကို​ပို့​ဆောင်၍ ငါ​တို့၏ အ​ထိန်း​ဖြစ်​သ​တည်း။- ယုံ​ကြည်​ခြင်း​တ​ရား​သည် ရောက်​လာ​သော​အ​ခါ၊ ငါ​တို့​သည် ထို​အ​ထိန်း​လက်​မှ လွတ်​ကြ၏။