YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:11-21

ဂလာတိ 2:11-21 JBMLE

ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။- အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​သည် ယာ​ကုပ်​ထံ​မှ မ​ရောက်​မ​လာ​မီ၊ ပေ​တ​ရု​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် အ​တူ​စား၏။ သူ​တို့​ရောက်​လာ​သော​နောက်၊ ပေ​တ​ရု​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့၏​မျက်​နှာ​ကို ထောက်၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဝံ့။ တစ်​ယောက်​တ​ခြား​စီ နေ၏။- ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။- သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။ လူ​တို့​သည် ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ မ​ရောက်၊- ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။- ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ ငါ​တို့​သည် ကြိုး​စား​လျက်​ပင်၊ အ​ပြစ် ထင်​ရှား​သော​သူ ဖြစ်​သေး​သည်​မှန်​လျှင်၊ ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​ကို ပြု​စု​သော​သူ​ဖြစ်​သ​လော။- ထို​သို့​မ​ဖြစ်​နိုင်​ရာ။ အ​ထက်​က ငါ​ဖြို​ဖျက်​သော အ​ရာ​ကို နောက်​တစ်​ဖန် ငါ​တည်​ဆောက်​ပြန်​လျှင်၊ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို ကိုယ်ထင်​ရှား​စွာ​ပြ၏။- ထို​မှ​တစ်​ပါး၊ ငါ​သည် ဘု​ရား​သ​ခင်​နှင့် ဆိုင်​သော​အ​ရာ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌ ပ​ညတ်​တ​ရား​အား​ဖြင့် သေ​လျက်​နေ၏။- ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။