YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:11-14

ဂလာတိ 2:11-14 JBMLE

ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။- အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​သည် ယာ​ကုပ်​ထံ​မှ မ​ရောက်​မ​လာ​မီ၊ ပေ​တ​ရု​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် အ​တူ​စား၏။ သူ​တို့​ရောက်​လာ​သော​နောက်၊ ပေ​တ​ရု​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့၏​မျက်​နှာ​ကို ထောက်၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဝံ့။ တစ်​ယောက်​တ​ခြား​စီ နေ၏။- ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။- သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။