YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 3:10-13

ဧဇရ 3:10-13 JBMLE

လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။ ထို​သို့​ပြု​သော ကြွေး​ကြော်​သံ​နှင့် ငို​ကြွေး​သံ​ကို ကြား​သော​သူ​တို့​သည် ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။ လူ​များ​တို့​သည် ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​သော​ကြောင့်၊ ဝေး​သော​အ​ရပ်၌ ကြား​ရ​လေ၏။